သင်က နည်းပညာအခြေပြုစွန့်ဦးတီထွင်လုပ်ငန်း ( သို့မဟုတ်) Startup လုပ်ငန်းတစ်ခု တည်ထောင်ချင်နေတဲ့ လူငယ်တစ်ယောက်လား။
ဒါဆိုရင် Innovatory ရဲ့ Entrepreneurship 101 with Lean Startup Method ဆိုတဲ့ Course လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒိီ Course ဟာဆိုရင်ဖြင့် နည်းပညာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဖန်တီးထားတာဖြစ်ပြီး မည်သည့် field ကမဆို တက်ရောက်နိုင်ပါတယ်။
Course တွင် မြန်မာနိုင်ငံ၏ Startup Ecosystem အကြောင်းတွေ ၊ Hackathon , Business Challenge, Startup Challenge အကြောင်းများနှင့် Entrepreneur တစ်ယောက်ရဲ့ လျှောက်လှမ်းရမယ့်လမ်းကြောင်းတွေ၊ အောင်မြင်နေတဲ့ မြန်မာ Startup အကြောင်းတွေ စတဲ့ inspire ဖြစ်စေမယ့် Knowledge sharing တွေပါဝင်ပြီး ကိုယ်တိုင်လည်း တကယ့် Startup လုပ်ငန်းတစ်ခု စတင်တည်ထောင်နိုင်ရန် သိရမယ့် အခြေခံအချက်တွေဖြစ်တဲ့ Lean Startup Method ကိုလက်တွေ့အသုံးချနည်း တို့ပါဝင်ပါတယ်။
ဘာတွေသင်ရမှာလဲ။
Entrepreneurship 101 Course တွင် စွန့်ဦးတီထွင်လုပ်ငန်းနှင့် လုံးဝ မရင်းနှီးသေးသည့် လူငယ်များအတွက် အရင်ဆုံး Entrepreneurship နဲ့ ထွန်းသစ်စလုပ်ငန်းလို့ခေါ်တဲ့ Startup ဆိုတာ ဘာလဲဆိုတဲ့ မ်ိတ်ဆက်အကြောင်းအရာတွေကို စတင်သင်ကြားရမှာဖြစ်ပါတယ်။ ဒါပြီးရင်တော့ မြန်မာနိုင်ငံရဲ့ Startup Ecosystem အကြောင်းတွေ, ဒီမှာ ပြုလုပ်လေ့ရှိတဲ့ Hackathon , Startup Challenge စတဲ့ Entrepreneurship နဲ့ဆိုင်တဲ့ ပြိုင်ပွဲတွေအကြောင်းတွေ၊ Entrepreneur တစ်ယောက်ရဲ့ လမ်းကြောင်း၊ အောင်မြင်နေတဲ့ မြန်မာ့ Startup လုပ်ငန်းတွေအကြောင်းက်ိုလေ့လာရမှာဖြစ်ပါတယ်။
ဒါဆ်ိုရင် Knowledge sharing အပ်ိုင်းပြီးပြီဖြစ်ပြီး နောက်တပိုင်းမှာတော့ ကိုယ်တိုင် အဆိုပါ Entrepreneurship ပြိုင်ပွဲတွေကို ဘယ်လိုဝင်ပြိုင််မလဲနဲ့ ကိုယ်ပိုင် Startup တစ်ခုတည်ထောင်ဖို့ Startup တွေ သုံးရတဲ့ Method တစ်ခုဖြစ်တဲ့ Lean Startup Method နဲ့ Lean Canvas ကိုလေ့လာရမှာဖြစ်ပါတယ်။ Lean Startup Method သည် Startup လုပ်ငန်းတစ်ခု တည်ထောင်နိုင်ရန်လိုအပ်သည့် စီးပွါးရေးအခြေခံအချက်များပါဝင်သည့်အတွက် ကိုယ်တိုင်က စီးပွါးရေးနယ်ပယ်က ဖြစ်နေစရာမလိုပါဘူး။ Lean Canvas သည်လည်း Business Model Canvas မှ Tech Startup တွေအသုံးပြုနိုင်အောင် Modify ပြုလုပ်ထားသည်ဖြစ်၍ Business Model Canvas ပါတစ်ခါတည်းလေ့လာပြီးသားဖြစ်သွားမှာပါ။ ထ်ို့ကြောင့် Marketing , Finance စတဲ့ အခြေခံအချက်များပါပါနေသောကြောင့် မည်သည့် field of study မှမဆို ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတစ်ခုတည်ထောင်ရန်အတွက် Lean Startup Method က ကူညိပေးနိုင်မှာဖြစ်ပါတယ်။ ယခု course တွင် Lean Startup Method အကြောင်းခြုံငုံလေ့လာသွားမှာဖြစ်ပြီး ပိုမိုသိရှိရန်အတွက်တော့ Lean Method အတွင်းမှ Business component တွေကို အကျယ်တဝင့် လေ့လာသွားရန်လိုပါတယ်။
ဒိီ course ပြီးရင် ဘာတွေသ်ိသွားမလဲ။
အရင်ဆုံးEntrepreneurship နဲ့ Startup အကြောင်းတွေ၊ Entrepreneurတစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေအကြောင်းတွေသိသွားမှာဖြစ်ပါတယ်။ Lean Startup Method ကြောင့် ကိုယ်ပိုင် Startup တစ်ခုတည်ထောင်နိုင်သွားမှာဖြစ်ပြီး ကိုယ်ကြိုးစားရင်က်ြိုးစားသလို မိမိရဲ့ Startup လုပ်ငန်းဖြင့် ဝင်ငွေလည်း ရှာနိုင်သွားမှာဖြစ်ပါတယ်။
ထို့အပြင် Investment ပေးသည့် ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သွားမှာဖြစ်ပြီး Investor, Incubation ရှာမယ်ဆိုလည်း မိမိ Startup သည် Ready ဖြစ်နေရန် ဆက်လက်လုပ်ဆောင်န်ိုင်သည့် လမ်းကြောင်းပေါ်ရောက်သွားမည်ဖြစ်ပါတယ်။ [ Lean Startup Method သည် ကိုယ်ရဲ့ Innovation ကို စျေးကွက်ဝင်အောင် Manage လုပ်ပေးသည် ဖြစ်၍ အောင်မြင်တဲ့ Entrepreneur ဖြစ်ရန်အတွက် မိမိပေါ်တွင်သာ လုံးဝ မှီခိုနေပါသည်။]
ဘယ်သူသင်ပေးမှာလဲ။
Startup Challenge 2018 နှင့် Ooredoo & UNDP Hackathon 2019 (Advanced Level) တို့တွင် Winner Award, Ideas of Tomorrow Startup Competition powered by UMG Idealab and Seedspace ပြိုင်ပွဲတွင် New Comer Award ရရှိခဲ့ပြီး Seedstars Entrepreneurship Academy Yangon တွင် တက်ရောက်ရန် ရွေးချယ်ခံခဲ့ရသည့် Innovatory အဖွဲ့မှ သင်ကြားပေးမှာ ဖြစ်ပါတယ်။ Innovatory အဖွဲ့ဟာ Lan Kyone ဆိုတဲ့ Carpooling Startup တစ်ခုတည်ထောင်ခဲ့ပြီး ခုဆိုရင်တော့ rangoon.tech ဆိုပြီး B2B Startup တစ်ခုလည်းလုပ်ကိုင်လျှက်ရှိပါတယ်။
Fee ရှိလား။ ဘယ်မှာသင်ပေးမှာလဲ။
Online ပေါ်ကနေပဲ သင်ပေးမှာဖြစ်ပြီး အခမဲ့ တက်ရောက်နိုင်ပါတယ်။
တက်မယ်ဆိုပါက အောက်က Link လေးမှာ Register လုပ်ခဲ့ပေးလို့ ရပြီး စဖွင့်မယ့်ရက်နဲ့ သင်ယူရမည့် online နေရာကို ပြန်အကြောင်းကြားပေးသွားပါ့မယ်။
https://forms.gle/dr2EGzx1YbqxX5Ew7
Bonus အနေနဲ့ ကိုယ်လုပ်မယ့် Startup အတွက် Course တွင် သင်ကြားပေးမည့် Lean Canvas နဲ့ Pitch Deck လုပ်တဲ့ သူတိုင်းကို အခမဲ့ ဆွေးနွေးပေးသွားမှာဖြစ်ပြီး နောက်တဆင့်သွားရောက်နိုင်မယ့် လမ်းကြောင်းများကိုလည်း သိသလောက် လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။